Thursday, 21 February 2019

စာေပႏွင္႔လူမွဳေရးသိပၸံ ဂ်ာနယ္ တြင္ေဖာ္ၿပေသာ ရုိဟင္ဂ်ာပါ၀င္မွဳ ရာခုိင္နဳန္း

UNION OF BURMA JOURNAL LITERAY AND SOCIAL SCIENCE

see more page No. 201, 205

No photo description available.
No photo description available.
Image may contain: text
No photo description available.




No photo description available.

 Zawgyi version
(စစ္​တမ္​းထဲက ႐ိုဟင္​ဂ်ာ    #YeHeinAung  )

ဒုတိယအႀကိမ္ ျမန္မာႏိုင္ငံသုေတသန ေဆြးေတြးပြဲကို ၁၉၆၇ ခုႏွစ္ ေမလမွာ က်င္းပခဲ့တယ္။ ဒီေဆြးေႏြး ပြဲမွာ သက္ဆိုင္ရာ ဘာသာရပ္အလိုက္ ပညာရွင္ေတြ၊ သုေတသီေတြက စာတမ္းေတြ တင္သြင္းခဲ့ၾကၿပီး ဆရာဦး ခင္ေမာင္ၫြန္႔ ကေတာ့ ရန္ကုန္ၿမိဳ႕ရွိ တကၠသိုလ္အသီးသီးမွ ေက်ာင္းသား/ သူမ်ား အေၾကာင္း ေလ့လာခ်က္၏ ေရွ႕ေျပးစာတမ္း ကို ဖတ္ၾကားတင္သြင္းခဲ့ပါတယ္။ ဒီစာတမ္းက ၁၉၆၅-၆၆ခုႏွစ္အတြင္း စီးပြားေရးတကၠသိုလ္၊ ပညာေရးတကၠသိုလ္နဲ႔ စက္မႈတကၠသိုလ္တို႔မွာ တက္ ေရာက္ေနတဲ့ ေက်ာင္းသားေတြရဲ႕ လူမႈေရး၊ စီးပြားေရး၊ ပညာေရး အေျခအေနကို စာရင္းအင္း ပညာနည္းလမ္းနဲ႔ ေလ့လာထားတာပါ။ စာတမ္းပါ အခ်က္အလက္ေတြ အရ အဆိုပါ တကၠသိုလ္ေတြ အနက္ စက္မႈ တကၠသိုလ္ ဒုတိယႏွစ္မွာ ႐ိုဟင္ဂ်ာေက်ာင္းသား ၁ဦးနဲ႔ တတိယႏွစ္မွာ ႐ိုဟင္ဂ်ာ ေက်ာင္းသား ၂ဦးတက္ေရာက္ ပညာသင္းၾကားေနခဲ့ေၾကာင္း သိရွိရပါတယ္။ ႐ိုဟင္ဂ်ာ လူမ်ိဳးေတြဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ တျခားေသာ လူမ်ိဳးစုမ်ားနဲ႔အတူတူ တန္းတူ အခြင့္အေရးရွိ ခဲ့တယ္ဆိုတဲ့ အေထာက္အထားတခုပါ။ ထိုအခ်ိန္ကာလကစၿပီး ယေန႔ကာလအထိ ႐ိုဟင္ဂ်ာေတြရဲ႕ အခြင့္အေရးနဲ႔ ရပ္တည္မႈဟာ တေျဖးေျဖးဆံုးရံႈးလာခဲ့ရတာပါ။ ဒီစာတမ္းကို ျပည္ေထာင္စု ျမန္မာႏိုင္ငံ စာေပႏွင့္ လူမႈေရးသိပၸံ ဂ်ာနယ္ အတြဲ ၂၊ အမွတ္ ၁ (၁၉၆၉ ဇန္နဝါရီလ) အတြင္း ပံုႏွိပ္ေဖာ္ျပ ခဲ့ပါတယ္။
Unicode version

(စစ်​တမ်​းထဲက ရိုဟင်​ဂျာ    #YeHeinAung  )

ဒုတိယအကြိမ် မြန်မာနိုင်ငံသုတေသန ဆွေးတွေးပွဲကို ၁၉၆၇ ခုနှစ် မေလမှာ ကျင်းပခဲ့တယ်။ ဒီဆွေးနွေး ပွဲမှာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရှင်တွေ၊ သုတေသီတွေက စာတမ်းတွေ တင်သွင်းခဲ့ကြပြီး ဆရာဦး ခင်မောင်ညွန့် ကတော့ ရန်ကုန်မြို့ရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသား/ သူများ အကြောင်း လေ့လာချက်၏ ရှေ့ပြေးစာတမ်း ကို ဖတ်ကြားတင်သွင်းခဲ့ပါတယ်။ ဒီစာတမ်းက ၁၉၆၅-၆၆ခုနှစ်အတွင်း စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ်တို့မှာ တက် ရောက်နေတဲ့ ကျောင်းသားတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အခြေအနေကို စာရင်းအင်း ပညာနည်းလမ်းနဲ့ လေ့လာထားတာပါ။ စာတမ်းပါ အချက်အလက်တွေ အရ အဆိုပါ တက္ကသိုလ်တွေ အနက် စက်မှု တက္ကသိုလ် ဒုတိယနှစ်မှာ ရိုဟင်ဂျာကျောင်းသား ၁ဦးနဲ့ တတိယနှစ်မှာ ရိုဟင်ဂျာ ကျောင်းသား ၂ဦးတက်ရောက် ပညာသင်းကြားနေခဲ့ကြောင်း သိရှိရပါတယ်။ ရိုဟင်ဂျာ လူမျိုးတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တခြားသော လူမျိုးစုများနဲ့အတူတူ တန်းတူ အခွင့်အရေးရှိ ခဲ့တယ်ဆိုတဲ့ အထောက်အထားတခုပါ။ ထိုအချိန်ကာလကစပြီး ယနေ့ကာလအထိ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးနဲ့ ရပ်တည်မှုဟာ တဖြေးဖြေးဆုံးရှုံးလာခဲ့ရတာပါ။ ဒီစာတမ်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စာပေနှင့် လူမှုရေးသိပ္ပံ ဂျာနယ် အတွဲ ၂၊ အမှတ် ၁ (၁၉၆၉ ဇန်နဝါရီလ) အတွင်း ပုံနှိပ်ဖော်ပြ ခဲ့ပါတယ်။
Share:

0 comments:

Post a comment