Tuesday, 12 February 2019

ရခိုင္မွာ ရိုဟင္ဂ်ာေတြ ႏွစ္ေပါင္းမ်ားစြာ(မ်ားစြာ) ကတည္းက ေနလာတာပါ ဟု ျမန္မာႏိုင္ငံဆိုင္ရာ ျဗိတိန္သံအမတ္ေျပာ

Image result for UK foreign minister Boresin


https://www.facebook.com/MMediaMyanmarVersion/videos/658765257499281/?t=30

သုေတသနလုပ္ျပီးပါျပီ ရခိုင္မွာ ရိုဟင္ဂ်ာေတြ ႏွစ္ေပါင္းမ်ားစြာ(မ်ားစြာ) ကတည္းက ေနလာတာပါ ဟု ျမန္မာႏိုင္ငံဆိုင္ရာ ျဗိတိန္သံအမတ္ေျပာ
=====================



ဖေ ဖာ္ဝါရီ ၈ ၊ ၂၀၁၄
M-Media
ဘာသာျပန္ဆိုသူ -O'Laie Manzu

ေမး။ ရိုဟင္ဂ်ာ မြတ္စလင္ေတြကို ညင္းပမ္းႏွိပ္စက္ေနတာနဲ႔ပါတ္သက္ျပီး အာရကန္ျပည္နယ္ ကအေျခအေနေတြအေပၚ UK က ပြင့္ပြင့္လင္းလင္းေျပာဆိုေနပါတယ္။ မၾကာေသးမွီက ေမာင္းေတာမွာ အၾကမ္းဖက္မႈေတြထပ္ျဖစ္ခဲ့တယ္။ ဒီကိစၥနဲ႔ ပါတ္သက္ျပီး ဘယ္လိုျမင္ပါသလဲ။

ေျဖ။ က်ေနာ္တို႔နဲ႔ ယူအက္စ္ သံရံုးေတြက ေၾကညာခ်က္ တစ္ေစာင္ ေသာၾကာေနက ထုတ္ခဲ့တာဆိုတာ ေတြ႕ျပီးေလာက္ျပီေပါ့။ ရရွိတဲ့ သတင္း အခ်က္အလက္ေတြေထာက္ၾကည့္ျပီး က်ေနာ္တို႔ စိုးရိမ္မိပါတယ္။ အဲဒီမွာဘာေတြျဖစ္ခဲ့တယ္ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘူး။ အဲဒီမွာဘာျဖစ္သလဲ ဆိုတာကို ရွင္းရွင္းလင္းလင္းသိရဖို႔ အစိုးရကို စံုစမ္းစစ္ေဆးေပးဖို႔ တိုက္တြန္းထားပါတယ္။ က်ေနာ္ ထင္တာကေတာ့ ရခိုင္ျပည္နယ္ တစ္ခုလံုးကို ျခံဳၾကည့္ရင္ ပထမဆံုးအဆင့္ကေတာ့ လံုျခံဳေရးရွိဖို႔ပါဘဲ။ ဒီလိုအၾကမ္းဖက္မႈေတြ ထပ္ျပီးမျဖစ္ဖို႔ဘဲ။ ဒါက အစိုးရရဲ႕တာဝန္ျဖစ္တယ္။
ဒီလိုအၾကမ္းဖက္မႈေတြထပ္မျဖစ္ေအာင္ လံုျခံဳမႈရွိဖို႔အတြက္ အစိုးရက အာမခံဖို႔လိုတယ္။ ေနာက္ထပ္ အေရးၾကီးတဲ့ အခ်က္တစ္ခုရွိတယ္။ ဒါကေတာ့ ခရစၥမတ္မတိုင္ခင္ က်ေနာ္ကိုယ္တိုင္ ရခိုင္ျပည္ နယ္ေရာက္ တုန္း ကေတြ႕ခဲ့တာပါ။ အဲဒါကေတာ့ လူသားခ်င္းစာနာေထာက္ထားတဲ့ ကူညီမႈေတြ ေပါက္ေရာက္ႏိုင္ဖို႔ဘဲ။ တခ်ိဳ႕ျပည္တြင္းေျပာင္းေရႊ႕ေနရာ ခ်ထားျခင္းခံရသူေတြက အရမ္းခက္ခဲတဲ့ အေျခအေနေတြ မွာေနထိုင္ေန ရတယ္။ သူတို႔ဆီကို လူသားခ်င္း စာနာေထာက္ထားတဲ့ အကူအညီေတြေရာက္ဖို႔ အလြန္ဘဲ အေရးၾကီးတယ္။ အသိုင္းအဝိုင္းတစ္ခု အေပၚကို အျခား အသိုင္းအဝိုင္း တစ္ခုထက္ ပိုျပီး အသာေပးကူညီေနတယ္ဆိုတဲ့ နားလည္မူလြဲမွားတာေတြရွိတယ္လို႔ က်ေနာ္ထင္တယ္။ ဒီအင္တာဗ်ဴး ကေန တဆင့္ လူေတြကိုေျပာခ်င္တာ ကေတာ့ အျပည္ျပည္ဆိုင္ရာ အေထာက္အပံ့ေတြက အမွန္တကယ္ လိုအပ္တဲ့သူေတြဆီကိုေရာက္ဖို႔ပါဘဲ။
ဒါေၾကာင့္ ဒီအကူအညီေတြက စခန္းေတြထဲမွာ အျပင္မထြက္ရသူေတြ၊ အလုပ္လုပ္ျပီး ေငြရွာလို႔ မရသူေတြဆီကို ဦးတည္ပါတယ္။ ေနာက္တစ္ခုက အစိုးရကလည္း ဒီ လူသားခ်င္း စာနာေထာက္ထား တဲ့ အကူအညီေတြ ေရာက္ရွိဖို႔ အတြက္ကို အာမခံခ်က္ေပးဖို႔ လိုပါတယ္။ ေနာက္ဆံုး တစ္ခုကေတာ့ ဒီရခိုင္ေဒသမွာရွိတဲ့ လူ႕အသိုင္းအဝိုင္းေတြရဲ႔ အနာဂါတ္ကိစၥဘဲ။ က်ေနာ္တို႔ကေတာ့ အစိုးရက ႏိုင္ငံသားစီစစ္ေရးကိစၥ ေတြကို ေရွ႕ဆက္တိုး ကိုင္တြယ္ဖို႔ တိုက္တြန္းေန ပါတယ္။ ႏိုင္ငံသား ရထိုက္တဲ့သူေတြ ႏိုင္ငံသားရၾကျပီး သူတို႔ရဲ႕ ႏိုင္ငံသားအေျခအေနေတြ ရွင္းရွင္းျဖစ္သြား လိမ့္မယ္။

ေမး။ ရိုဟင္ဂ်ာေတြက ဒီမွာရွိေနခဲ့တယ္ ... တစ္ခ်ိဳ႕ဆိုရင္ မ်ိဳးဆက္အလိုက္ ဒီမွာေနလာခဲ့တယ္... တခ်ိဳ႕ကေတာ့ ကိုလိုနီေခတ္က ျဗိတိသၽွေခၚ လာခဲ့တယ္။ ရိုဟင္ဂ်ာေတြႏိုင္ငံျဖစ္ဖို႔အတြက္ကို ေထာက္ခံသလား။

ေျဖ။ အစိုးရေျပာတာကေတာ့ သူတို႔က ၁၉၈၂ ခုႏွစ္ႏိုင္ငံသား ဥပေဒကိုဘဲ က်င့္သံုးမယ္ဆိုတာ။ က်ေနာ္နားလည္တာက ဒီမွာ မ်ိဳးရိုးစဥ္ဆက္ အတိုင္းအတာတစ္ခု အထိေနထိုင္ခဲ့တယ္ဆိုရင္ ႏိုင္ငံသားျဖစ္ပိုင္ခြင့္ရွိတယ္။ က်ေနာ့္အျမင္နဲ႔ က်ေနာ္တို႔ သုေတသနျပဳထားတဲ့ အရဆိုရင္ ဒီဥပေဒအရကိုဘဲ ရိုဟင္ဂ်ာ အမ်ားစုကႏိုင္ငံသားျဖစ္ခြင့္ရွိေနတယ္။ ဒါေပမယ့္ အစိုးရက ဘယ္သူေတြက ႏိုင္ငံသားျဖစ္ခြင့္ရွိျပီး ဘယ္သူေတြကေတာ့ မျဖစ္သင့္ဘူးဆိုတာ စီစစ္ဖို႔လိုတယ္။
ဒါေပမယ့္ ခင္ဗ်ာ ေျပာတာကို က်ေနာ္ သေဘာတူတယ္။ ရခိုင္ျပည္မွာ မြတ္စလင္ထုၾကီးက လြန္ခဲ့တဲ့ ႏွစ္ေပါင္း မ်ားစြာ (မ်ားစြာ) ကတည္းက ေနလာခဲ့တယ္။ က်ေနာ္တို႔ သုေတသနလုပ္ျပီးျပီ။ တကယ္ေတာ့ ၁၉ ရာစုႏွစ္ အစပိုင္းေလာက္မွာ ျဗိတိသၽွေတြ အဲဒီကို ပထမဆံုးအၾကိမ္ေရာက္တုန္းကတည္းက အဲဒီမွာ မြတ္စလင္ထု ေတာ္ေတာ္ေလးကိုရွိေနျပီးသား။ အခုေျပာေနတဲ့ အဲဒီမွာရွိတဲ့လူတိုင္းက တရားမဝင္ ခိုးဝင္လာ သူေတြဆိုတာၾကီးကေတာ့ မမွန္ပါဘူး။
ေမး။ ရိုဟင္ဂ်ာကိစၥကေတာ့ လ်စ္လ်ဴရႈ႕ထားလို႔မရပါဘူး။ လူေတြကလည္း အမ်ိဳးမ်ိဳး ထင္ေၾကးေပး ေနၾကတယ္။ ဒီကိစၥၾကီးေျပလည္ဖို႔အတြက္ ျဗိတိန္ အေနနဲ႔ပါဝင္ေပးႏိုင္တဲ့ အခန္းက႑ မ်ိဳးရွိပါသလား။

ေျဖ။ အျပည္ျပည္ဆိုင္ရာ အသိုင္းအဝိုင္းကေတာ့ အစိုးရကို ေထာက္ပံကူညီေပးလို႔ရတယ္။ လံုျခံဳေရးလို ကိစၥမ်ိဳးကို ကိုင္တြယ္ဖို႔အတြက္ အစိုးရကို တိုက္တြန္းလို႔ရတယ္။ ေျပာင္းေရႊ႕ေနရာ ခ်ထားျခင္းခံရတဲ့ သူေတြ အသက္ရွင္ေနထိုင္ႏိုင္ဖို႔အတြက္ အကူအညီေတြေပးလို႔ရတယ္။ ရခိုင္ျပည္နယ္ကလူေတြရဲ႕ ေရရွည္ အေျခအေနအတြက္ အစိုးရနဲ႔ လက္တြဲလုပ္ေဆာင္လုိ႔ရတယ္။ အျပည္ျပည္ဆိုင္ရာအသိုင္းအဝိုင္း ကူလုပ္ေပးႏိုင္တာေတြရွိတယ္... ဒါေပမယ့္ အမွန္တကယ္ကေတာ့ ျမန္မာအစိုးရက အဲဒီကိစၥေတြကို ကိုင္တြယ္ဖို႔အတြက္ တာဝန္အရွိဆံုးျဖစ္တယ္။

ျမန္မာႏိုုင္ငံဆိုင္ရာ ျဗိတိန္ သံအမတ္ၾကီး Andrew Patrick ႏွင့္ DVB သတင္းဌာနတို႔ ေတြ႔ဆံု ေမးျမန္းခန္းကို O'Laie Manzu မွ ေကာက္ႏႈတ္၍ ျမန္မာလို ျပန္ဆိုထားျခင္းျဖစ္ပါသည္။ 

Video Copy Right- DVB




မူရင္း ဗီဒီယို လင့္=>https://www.dvb.no/…/dvb-talks-to-british-ambassador-…/36760

Unicode Version

သုတေသနလုပ်ပြီးပါပြီ ရခိုင်မှာ ရိုဟင်ဂျာတွေ နှစ်ပေါင်းများစွာ(များစွာ) ကတည်းက နေလာတာပါ ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ပြော
=====================
ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
M-Media
ဘာသာပြန်ဆိုသူ -O'Laie Manzu

မေး။ ရိုဟင်ဂျာ မွတ်စလင်တွေကို ညင်းပမ်းနှိပ်စက်နေတာနဲ့ပါတ်သက်ပြီး အာရကန်ပြည်နယ် ကအခြေအနေတွေအပေါ် UK က ပွင့်ပွင့်လင်းလင်းပြောဆိုနေပါတယ်။ မကြာသေးမှီက မောင်းတောမှာ အကြမ်းဖက်မှုတွေထပ်ဖြစ်ခဲ့တယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။



ဖြေ။ ကျနော်တို့နဲ့ ယူအက်စ် သံရုံးတွေက ကြေညာချက် တစ်စောင် သောကြာနေက ထုတ်ခဲ့တာဆိုတာ တွေ့ပြီးလောက်ပြီပေါ့။ ရရှိတဲ့ သတင်း အချက်အလက်တွေထောက်ကြည့်ပြီး ကျနော်တို့ စိုးရိမ်မိပါတယ်။ အဲဒီမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ အဲဒီမှာဘာဖြစ်သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းသိရဖို့ အစိုးရကို စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းထားပါတယ်။ ကျနော် ထင်တာကတော့ ရခိုင်ပြည်နယ် တစ်ခုလုံးကို ခြုံကြည့်ရင် ပထမဆုံးအဆင့်ကတော့ လုံခြံုရေးရှိဖို့ပါဘဲ။ ဒီလိုအကြမ်းဖက်မှုတွေ ထပ်ပြီးမဖြစ်ဖို့ဘဲ။ ဒါက အစိုးရရဲ့တာဝန်ဖြစ်တယ်။

ဒီလိုအကြမ်းဖက်မှုတွေထပ်မဖြစ်အောင် လုံခြံုမှုရှိဖို့အတွက် အစိုးရက အာမခံဖို့လိုတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုရှိတယ်။ ဒါကတော့ ခရစ္စမတ်မတိုင်ခင် ကျနော်ကိုယ်တိုင် ရခိုင်ပြည် နယ်ရောက် တုန်း ကတွေ့ခဲ့တာပါ။ အဲဒါကတော့ လူသားချင်းစာနာထောက်ထားတဲ့ ကူညီမှုတွေ ပေါက်ရောက်နိုင်ဖို့ဘဲ။ တချို့ပြည်တွင်းပြောင်းရွှေ့နေရာ ချထားခြင်းခံရသူတွေက အရမ်းခက်ခဲတဲ့ အခြေအနေတွေ မှာနေထိုင်နေ ရတယ်။ သူတို့ဆီကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေရောက်ဖို့ အလွန်ဘဲ အရေးကြီးတယ်။ အသိုင်းအဝိုင်းတစ်ခု အပေါ်ကို အခြား အသိုင်းအဝိုင်း တစ်ခုထက် ပိုပြီး အသာပေးကူညီနေတယ်ဆိုတဲ့ နားလည်မူလွဲမှားတာတွေရှိတယ်လို့ ကျနော်ထင်တယ်။ ဒီအင်တာဗျူး ကနေ တဆင့် လူတွေကိုပြောချင်တာ ကတော့ အပြည်ပြည်ဆိုင်ရာ အထောက်အပံ့တွေက အမှန်တကယ် လိုအပ်တဲ့သူတွေဆီကိုရောက်ဖို့ပါဘဲ။

ဒါကြောင့် ဒီအကူအညီတွေက စခန်းတွေထဲမှာ အပြင်မထွက်ရသူတွေ၊ အလုပ်လုပ်ပြီး ငွေရှာလို့ မရသူတွေဆီကို ဦးတည်ပါတယ်။ နောက်တစ်ခုက အစိုးရကလည်း ဒီ လူသားချင်း စာနာထောက်ထား တဲ့ အကူအညီတွေ ရောက်ရှိဖို့ အတွက်ကို အာမခံချက်ပေးဖို့ လိုပါတယ်။ နောက်ဆုံး တစ်ခုကတော့ ဒီရခိုင်ဒေသမှာရှိတဲ့ လူ့အသိုင်းအဝိုင်းတွေရဲ့ အနာဂါတ်ကိစ္စဘဲ။ ကျနော်တို့ကတော့ အစိုးရက နိုင်ငံသားစီစစ်ရေးကိစ္စ တွေကို ရှေ့ဆက်တိုး ကိုင်တွယ်ဖို့ တိုက်တွန်းနေ ပါတယ်။ နိုင်ငံသား ရထိုက်တဲ့သူတွေ နိုင်ငံသားရကြပြီး သူတို့ရဲ့ နိုင်ငံသားအခြေအနေတွေ ရှင်းရှင်းဖြစ်သွား လိမ့်မယ်။



မေး။ ရိုဟင်ဂျာတွေက ဒီမှာရှိနေခဲ့တယ် ... တစ်ချို့ဆိုရင် မျိုးဆက်အလိုက် ဒီမှာနေလာခဲ့တယ်... တချို့ကတော့ ကိုလိုနီခေတ်က ဗြိတိသျှခေါ် လာခဲ့တယ်။ ရိုဟင်ဂျာတွေနိုင်ငံဖြစ်ဖို့အတွက်ကို ထောက်ခံသလား။



ဖြေ။ အစိုးရပြောတာကတော့ သူတို့က ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေကိုဘဲ ကျင့်သုံးမယ်ဆိုတာ။ ကျနော်နားလည်တာက ဒီမှာ မျိုးရိုးစဉ်ဆက် အတိုင်းအတာတစ်ခု အထိနေထိုင်ခဲ့တယ်ဆိုရင် နိုင်ငံသားဖြစ်ပိုင်ခွင့်ရှိတယ်။ ကျနော့်အမြင်နဲ့ ကျနော်တို့ သုတေသနပြုထားတဲ့ အရဆိုရင် ဒီဥပဒေအရကိုဘဲ ရိုဟင်ဂျာ အများစုကနိုင်ငံသားဖြစ်ခွင့်ရှိနေတယ်။ ဒါပေမယ့် အစိုးရက ဘယ်သူတွေက နိုင်ငံသားဖြစ်ခွင့်ရှိပြီး ဘယ်သူတွေကတော့ မဖြစ်သင့်ဘူးဆိုတာ စီစစ်ဖို့လိုတယ်။

ဒါပေမယ့် ခင်ဗျာ ပြောတာကို ကျနော် သဘောတူတယ်။ ရခိုင်ပြည်မှာ မွတ်စလင်ထုကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ (များစွာ) ကတည်းက နေလာခဲ့တယ်။ ကျနော်တို့ သုတေသနလုပ်ပြီးပြီ။ တကယ်တော့ ၁၉ ရာစုနှစ် အစပိုင်းလောက်မှာ ဗြိတိသျှတွေ အဲဒီကို ပထမဆုံးအကြိမ်ရောက်တုန်းကတည်းက အဲဒီမှာ မွတ်စလင်ထု တော်တော်လေးကိုရှိနေပြီးသား။ အခုပြောနေတဲ့ အဲဒီမှာရှိတဲ့လူတိုင်းက တရားမဝင် ခိုးဝင်လာ သူတွေဆိုတာကြီးကတော့ မမှန်ပါဘူး။

မေး။ ရိုဟင်ဂျာကိစ္စကတော့ လျစ်လျူရှု့ထားလို့မရပါဘူး။ လူတွေကလည်း အမျိုးမျိုး ထင်ကြေးပေး နေကြတယ်။ ဒီကိစ္စကြီးပြေလည်ဖို့အတွက် ဗြိတိန် အနေနဲ့ပါဝင်ပေးနိုင်တဲ့ အခန်းကဏ္ဍ မျိုးရှိပါသလား။



ဖြေ။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကတော့ အစိုးရကို ထောက်ပံကူညီပေးလို့ရတယ်။ လုံခြံုရေးလို ကိစ္စမျိုးကို ကိုင်တွယ်ဖို့အတွက် အစိုးရကို တိုက်တွန်းလို့ရတယ်။ ပြောင်းရွှေ့နေရာ ချထားခြင်းခံရတဲ့ သူတွေ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အကူအညီတွေပေးလို့ရတယ်။ ရခိုင်ပြည်နယ်ကလူတွေရဲ့ ရေရှည် အခြေအနေအတွက် အစိုးရနဲ့ လက်တွဲလုပ်ဆောင်လို့ရတယ်။ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း ကူလုပ်ပေးနိုင်တာတွေရှိတယ်... ဒါပေမယ့် အမှန်တကယ်ကတော့ မြန်မာအစိုးရက အဲဒီကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် တာဝန်အရှိဆုံးဖြစ်တယ်။



မြန်မာနိုုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Andrew Patrick နှင့် DVB သတင်းဌာနတို့ တွေ့ဆုံ မေးမြန်းခန်းကို O'Laie Manzu မှ ကောက်နှုတ်၍ မြန်မာလို ပြန်ဆိုထားခြင်းဖြစ်ပါသည်။



Video Copy Right- DVB
မူရင်း ဗီဒီယို လင့် >  https://www.dvb.no/…/dvb-talks-to-british-ambassador-…/36760

 https://www.facebook.com/MMediaMyanmarVersion/videos/658765257499281/UzpfSTEzOTkxOTM2MDE1OTQ3NzozNzc1MzI3NTYzOTgxMzU/

Share:

0 comments:

Post a Comment